မေမေရေ ..... သူများပြောပြောနေတဲ့ စကားပုံ တစ်ခုကြားဖူးတယ်မေမေ
"တောင်းဆုတ် ၊ ပလှိုင်းဆုတ်ပစ်ရိုးထုံးစံ ရှိတယ်
သားဆိုး ၊ သမီးဆိုးပစ်ရိုးထုံးစံမရှိ" တဲ့ 
သမီးလည်း သမီးဆိုးတဲ့ စာရင်းထဲမှာ ပါဝင်နေပြီးသားဆိုတာကို
မေမေမပြောလည်းကိုယ်ဟာကိုယ်သိနေပါတယ်။
မေမေ့ရဲ့ ဆန္ဒ ၊ မေမေ့ရဲ့ လိုအပ်ချက် ၊ မေမေ့ရဲ့ စကား
သမီး တစ်ခုမှ မလိုက်လျောပေးနိုင်တာ
မေမေဖြစ်သူက ဘယ်လောက်ထိခံစားရမလဲ ဆိုတာသမီး သိပါတယ်။
သိသိကြီးနဲ့  သမီးဆိုးစာရင်းထဲမှာ ဆက်ပါဝင်နေရအုံးမယ်ဆိုတာ
သမီးလည်းသမီးခံစားချက်နဲ့ ပေါ့  မေမေ။
မေမေ့ နားမှာနေပြီး မေမေ့ ဆန္ဒ ၊ မေမေ့ လိုအပ်ချက် တွေကို
လိုက်လျောပေးသင့် တယ် ။ဖြည့် ဆည်းပေးသင့် တယ် ။
အဲ ဒီလုပ်ပေးသင့်လုပ်ပေးထိုက်တဲ့ အရာတွေသမီးမလုပ်ပေးနိုင်တာ သမီးဆိုးတယ်။
ဒါပေမဲ့ တစ်ချိန်တည်းမှာဘဲ သမီးနဲ့ မေမေ့ လိုအဖြစ်မျိုး လူသားတွေ ထပ်မံပြီးတော
မခံစားရလေအောင် မေမေ့သမီးက တိုက်ပွဲ တစ်ခုထဲမှာ ပါဝင်ဆင်နွှဲ နေရတာမေမေနားလည်
ပေးနိုင်ပါစေ။
ပြီးတော့ .... မေမေ့ ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိသေးတယ် ။
သမီးအိမ်လာတာ"ဧည့် သည်တစ်ယောက်လို ၊ အိမ်ကလည်းသမီးအတွက် တည်းခိုခန်းလို "
ဖြစ်နေတယ်။
အခုမှဘဲလာ အခုပြန်ထွက်သွား မေမေကချိုသာသေလေသံလွှင့်ခဲ့ပေမဲ့ 
မေမေ့ရဲ့  ရင်တွင်းထဲမှာဘယ်လောက်ခံစားလဲဆိုတာ
ချော်ရည်အပြည့် နဲ့ ပေါက်ကွဲမည့် မီတောင်းပုံး လိုဘဲ ဆိုတာကိုသမီးသိပါတယ်မေမေ။
မေမေ့ရဲ့ ခံစားချက်ကိုထပ်မံပြီး လျှစ်လျူရှု့ရအုံးမယ်ဆိုတာကိုမေမေနားလည်ခွင်
့လွတ်နိုင်ပါစေ။
တောင်းပန်လျှက်၊
လိုည်းတအာင်း
No comments:
Post a Comment