Welcome To Ta'ang Mountain

Ta'ang people is a minority ethnic group and living in the mountain hills with green tea and farming in Northern Shan State of Burma. We, Ta'ang people have our own culture, literature, language, territory and economic!!

Sunday, March 25, 2012

တအာင်းတပ်ဖွဲ့လိုတယ်

တအာင်းပြည် ထူထောင်ဖို့
တအာင်းနိုင်ငံရေးမြှင့်တင်ဖို့
တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်
 
 
သိန်းစိန်တပ်တွေ တအာင်းရွာထဲ ဖျင်းတိုင်ကျယ်
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

တောင်၊မြောက် ရှမ်းတပ်တွေ
တအာင်းမြေထဲ ၀င်လာမဆဲတသဲသဲ
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

ဒူဝါတပ်တွေ တအာင်းမြေမှာစွဲ
ငါတို့ရွာမှာ မင်းတိုရွာမှာ
လူငယ်အားလုံး ဘိန်းနွံထဲ
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

တအာင်းအမေအို မျက်ဝန်းစို
သားငယ်လေးလည်း ၀ဲတွေစို
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

တပ်တွင်း(Senior) ရစ်ကြီး ဆရာဘိန်းစွဲ ပြည်သူဆဲ
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

တအာင်းတပ်တွင်း နှစ်ယောက်တစ်လက် သေနတ်အခက်
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

တအာင်းတပ်တွင်း ဆွမ်ထန်ဟင်း
နက်တိုင်ခင်း ရဲဘော်ဟင်းအတွက်
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

ငါတို့ လက်ဖက်ဈေးနဲ့ ဆန်ဈေးမမျှ
ကျွန်းသစ်တွေလည်း နယ်စပ်ကိုနေ့စဉ်နှင့်အမျှ
ရွာထဲလူငယ်တွေလည်း တရုတ်ကျွှန်ခံကျ

တအာင်းစာပေ ယဉ်ကျေးမှုကော်မတီလည်း………..
တအာင်းအမျိုးသားပါတီ T.N.P လည်း………..
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကော်မတီလည်း………..သေချာတယ်
ငါတို့တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

(
ဘုန်းကျော်) လက်ဖက်မြေ
၁၆ရက်နေ့ ၃လ ၂၀၁၂
နံနက် ၆.၀၀ နာရီ


Tuesday, March 20, 2012

စိတ်မဆိုးရင် ပြောချင်တယ်ရှင့်

သဒ္ဓါ

မိန်းမသားတို့ရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို တောင်းဆိုနေတဲ့အချိန်မှာ သမိုင်းအထောက်အထားတွေ သုံးရသလိုလက်ရှိ အခြေအနေတွေကိုလည်း ထောက်ပြရမှာဘဲ၊ ယောက်ျားတွေနဲ့ ယှဉ်ပြောသင့်ရင် ပြောရမှာဘဲ။ အားနာနေလို့ မရတဲ့ကိစ္စတွေ အများကြီးရှိတယ်။ သမိုင်းတစ်လျှောက်လုံး ယောက်ျားတွေရဲ့ ခွဲခြားဆက်ဆံမှုအောက်မှာ နေခဲ့ကြရတယ်။ အဖိနှိပ်ခံနေရတဲ့ ကြားထဲကနေ မိန်းမသားအာဇာနည် သူရဲကောင်းတွေ ပေါ်ထွန်းခဲ့ကြရတယ်။ အကယ်၍ အဖိနှိပ်မခံရဘဲ တန်းတူအခွင့်အရေးများ ရခဲ့ရင် ဆိုပြီးတော့လည်း တွေးမိပါတယ်။
  
မိန်းမသားတွေကို ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေများ ပေးလိုက်ရင် ကမ္ဘာပျက်မယ်လို့ ထင်တဲ့ယောက်ျားတွေ အများကြီးရှိတယ်။ မယုံမရှိနဲ့၊ တကယ်…၊ ခန္ဓာကိုယ်ဖွဲ့စည်း တည်ဆောက်ပုံ မတူညီတာကို အခြေခံပြီး၊ မိန်းမသားတွေကို စော်ကားမော်ကားပြောနေတဲ့ သူတွေရှိတယ်။ ဒီဆောင်းပါးဟာ အမြင်ကျဉ်းမြောင်းတဲ့ သူတွေကိုသာ ရည်ညွှန်းပါတယ်ဆိုတာကို နားလည်ပေးကြပါ။ တချို့ပြောတဲ့ စကားတွေ  မှတ်သားလောက်ပါရဲ့။ မိန်းမတွေကို ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေးပေးလိုက်ရင် အိမ်မှာ အဝတ်လျှော်တဲ့သူ၊ ထမင်းချက်တဲ့သူ၊ ကလေးထိန်းတဲ့သူ ဘယ်ရှိတော့မလဲတဲ့ ကောင်းကြသေးရဲ့လား။ ဒီလိုမျိုးမတွေးတဲ့သူတွေ ဘယ်လောက်တောင် ရှိနေသလဲ။ သဘာဝတရားရဲ့ သဘာဝတရားအတိုင်းလင်နဲ့ မယား အိမ်ထောင်ရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့အခါ ပုံသေနည်းတွေကို ဖျက်ပစ်ဖို့လိုမယ်၊ စာအုပ်ကြီးအတိုင်း ပုံသေနည်းတွေနဲ့ ပျော်နေတဲ့ သူတွေလည်း ရှိပါတယ်။

ယောက်ျားတစ်ယောက်က မိန်းမတွေ အများကြီးယူရင် ယောက်ျားကောင်း မောင်းမတစ်ထောင် ဖြစ်ပါတယ်။ မိန်းမတစ်ယောက်က ယောက်ျားတွေ အများကြီးယူရင်တော့ မကောင်းတဲ့မိန်းမ၊ မိန်းမပျက်ဆိုဘဲ။ ဒီလိုပြောတော့ မိန်းမတွေများ ဒီကိစ္စကိုမှ လိုက်တန်းညှိနေကြသေးတယ်လို့ လိုရာဆွဲမတွေးလိုက်ကြပါနဲ့။ ဘယ်သူမဆို သူတို့လိုချင်ရင်တော့ ဘယ်လိုစည်းမျဉ်းစည်းကမ်း ဥပဒေတွေရှိရှိ ယူကြမှာဘဲ။ တစ်သက်မှာ တစ်ယောက်၊ ပိတောက်ဆိုပိတောက် ဆိုတဲ့ လူမျိုးတွေလည်း ရှိကြတာပဲ၊ ဒါပေမဲ့ ဖောက်ပြန်လော်လီဖို့အရေး စကားပုံတွေ ဆိုရိုးစကားတွေ ထားခဲ့ပြီး အစီအစဉ်ရှိရှိ ယောက်ျားသားများအပေါ်သာ မျက်နှာလိုက်ထားတဲ့ ဆီသည်မလက်သုတ်လို ဖန်တရာတေ၊ အပ်ကြောင်းထပ်နေတဲ့ လုပ်ကြံမှုတွေကို မီးမောင်းထိုးပြချင်လို့သာ ဖြစ်ပါတယ်။
   
လင်နဲ့မယားရန်ဖြစ်တဲ့အခါ ကြားဖူးတဲ့စကားလေးတွေ ရှိတယ်။ ဒါလည်း ကိုယ့်ပတ်ဝန်းကျင်မှာ မကြားဖူးတဲ့ သူရယ်လို့ မရှိကြပါဘူး။ ဟေ့….ကွဲချင်လည်းကွဲကွ။ ငါတို့က ယောက်ျား လှေကားသုံးထစ်ဆင်းရင် လူပျိုပြန်ဖြစ်တယ်ကွ။ စကားလုံးတွေနဲ့ အနိုင်ယူတာနော်။ မိန်းမက ဘာပြန်ပြောရမှန်းမသိဘူး။ သေချာစဉ်းစား ကြည့်ရင် မိန်းမဖက်က လှေကားသုံးထစ်တောင် ဆင်းစရာမလိုဘူး။ တံခါးဖွင့်ပြီး လက်ယပ်ခေါ်လိုက်ရင် လှေကားရော အိမ်ပါ ပြိုကျပါလိမ့်မယ်။ ရိုင်းတယ်လို့ မထင်ပါနဲ့၊ မဟုတ်တဲ့ စကားလုံးတွေနဲ့ အနိုင်ယူနေရတာကို ကောင်းတယ်လို့ ထင်နေကြလို့ ဒါလည်းဥပမာပေးတယ်လို့ဘဲ သဘောထားစေချင် ပါတယ်။ အိုးရွဲ့ဟာ စလောင်းရွဲ့နဲ့မှသာ အဆင်ပြေတတ်တဲ့သဘောပါ။

အမျိုးသမီးများ၏ အင်အားတစ်ရပ်

http://www.choelinpyar.com/article/
ဒေါ်အေးအေးခိုင်
အမျိုးသမီးများ တော်လာခြင်းသည် ကျမတို့ လူ့ဘောင်အတွက် ခွန်အားတစ်ရပ် ဖြစ်သည်ဟူသော အယူအဆ တစ်ရပ်ကို ကျမတို့ လူ့အသိုင်းအ၀ိုင်းတွင် ယုံယုံကြည်ကြည်နှင့် လက်ခံရမည့် သဘောတရား တစ်ခု ဖြစ်သည်။ အမျိုးသမီးများ ပြောနိုင် ဆိုနိုင်လာခြင်းသည် အမျိုးသားများ၏ အချိန်ပေးမှုနှင့် လေးစား တန်ဖိုးထားမှုများကြောင့် ဆိုသည်ကိုလည်း မေ့ထား၍ မရပေ။

အမျိုးသမီးများ နိုင်ငံရေး သို့တည်းမဟုတ် စီးပွားရေး၊ အမျိုးသမီးရေးဆိုင်ရာ လူ့အခွင့်အရေး၊ ကျန်းမာရေးဆိုင်ရာ အကြောင်းများကို စတင် ပြောလာနေခြင်းသည် အမျိုးသားများကို တိုက်ခိုက်ချင်၍လော။ သို့တည်းမဟုတ်  အနိုင် ယူချင်၍လော ဆိုသည်မှာ ဒီကနေ့ မေးစရာ မေးခွန်းတစ်ရပ် ဖြစ်လာနေသည်မှာ ၀မ်းနည်းစရာကောင်းသော အခြေအနေ တစ်ခုလည်း ဖြစ်သည်။ ကျမတို့ မြန်မာအမျိုးသမီးများသည် အခြားသော အနောက်နိုင်ငံနှင့် အချို့သော ဥရောပနိုင်ငံများမှ အမျိုးသမီးများနှင့်မတူ အမျိုးသမီးရေးဆိုင်ရာ စကားများကို ယနေ့မှ ခွန်းကြီးခွန်းငယ် ပြောလာနေကြသည်မှာ မေးခွန်း တစ်ခုလည်း တပြိုင်တည်းတွင် ဖြစ်ပေါ်လာနေပါသည်။ ဘာကြောင့် ကျမတို့ ပြောဆိုရန် နောက်ကျနေခဲ့ရသနည်း။

အကြောင်းများစွာ ရှိပါသည်။ ပထမအချက် အနေဖြင့် ကျမတို့နိုင်ငံသည် အမျိုးသားများ (Patriarchy ) ကြီးစိုးသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဒုတိယအချက် အနေဖြင့် အခြားသော နိုင်ငံများမှ ကျယ်ပြန့်သော လူ့အခွင့်အရေးများကို လေ့လာရန် အခွင့်အလမ်း နည်းပါးသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ တတိယအချက် အနေဖြင့်  အမျိုးသားများ ကြီးစိုးသော စစ်အာဏာရှင်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။

Thursday, January 12, 2012

၄၉ နှစ်မြောက် တအာင်း (ပလောင်)အမျိုးသား တော်လှန်ရေးနေ့ နောက်ခံစာတန်း


49th Anniversary of Palaung (Ta’ang) National Resistance Day Statement of Palaung State Liberation Front (PSLF)

Statement No# 001/05/ LD- 12

Today, January 12th, 2012, marks 49th anniversary of Palaung national resistance against military dictatorship in Burma for the national liberation. In this auspicious day, the Palaung State Liberation Front (PSLF) would like to salute to those of Palaung martyrs, respectable leaders, our heroes and heroines, who have sacrificed and contributed their lives and sweat and properties in the Palaung national struggle throughout 49 years against the unjust Burmese rules, with the objectives of freedom from repression, for equality, for self-determination of Palaung people, for promoting democracy and human rights, and for establishing a genuine federal union in Burma.

The military regime hold 2010 elections with many alleged vote riggings and frauds, under 2008 constitution which was again unjustly forced to endorse in a forged referendum, then formed a sham civilian government. Although the new government has been claiming introducing for democratic reforms, civil war has been intensifying in ethnic areas since after the installation of new government and many ethnic civilians are forced to displace by fighting and their livelihoods are damaged. The ethnic populations are struggling with tremendous hardships since after so-called newly elected government, because of intensifying conflict in their area and by oppression by authorities. Additionally, the political prisoners, who were illegally charged with false accusations and sentenced to lengthy prison terms, are yet to be released and still incarcerating their terms in many inhumane prisons.
Despite the government has been initiating peace talks with some ethnic groups, military offensives are still raging against other ethnic groups.  It is crucial to end these military offensives against ethnic nationality groups, if the government is sincere to build a genuine peace in Burma, and it is necessary to solve the problems by political means. If the government is just pursuing talks just with intention of divide-and-rule tactic and conducting temporary ceasefire merely for a window dressing show, a sustainable peace cannot be prevailed in the country.