၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခု ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနေခြင်းဟာ မြန်မာ့နိုင်ငံရေးကို အရုပ်ဆိုး အကျည်းတန်စေတယ်လို့ ပြောဆိုလိုက်ပါတယ်။
NLD အနေနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ခဲ့ပေမယ့် ရွေးကောက်ပွဲ မသမာမှုတွေ ဖြစ်နေတဲ့အပေါ် သူတို့မှာလည်း တာဝန်ရှိတယ်လို့ ခံယူမိကြောင်းနဲ့ ဒီ့အတွက် အရေးယူ ဖြေရှင်းပေးဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္ဈိကို ပြောပါတယ်။
ဘယ်လိုနည်းနဲ့ အရေးယူ ဖြေရှင်းသွားမယ်ဆိုတာကိုတော့ ဦဝင်းတင်က ထုတ်ဖော် မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
No comments:
Post a Comment