Welcome To Ta'ang Mountain

Ta'ang people is a minority ethnic group and living in the mountain hills with green tea and farming in Northern Shan State of Burma. We, Ta'ang people have our own culture, literature, language, territory and economic!!

Sunday, May 29, 2011

အနှိမ်ခံဘဝ

ကျမတို့ ရဲ့ ပလောင်ပတ်ဝန်းကျင်မှာ အမျိုးသမီး ရင်ဆိုင်ကြု့ တွေ့ နေရတဲ့ အနှိမ်ခံဘဝကို ပြောပြချင်ပါ တယ်၊ ကျမတို့  ပလောင်လူမျိုးများသည် များသောအားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အနေများပါတယ်၊  ကျမတို့ ရွာမှာ အိမ်ခြေ ပေါင်း (၅ဝဝ) ကျော်ရှိပြီး လူဦးရေပေါင်း (၂ဝဝဝ) ကျော်ရှိပါတယ်၊ ကျမတို့ ပလောင် လူမျိုးများရဲ့ အဓိက အသက်မွေး ဝမ်းကျောင်းမှာ တောင်ယာနှင့်လက်ဖက်ခြံလုပ်ငန်းများ မှီဝယ်လုပ် ကိုင် စားသုံးကြပါတယ်၊

ကျမတို့ ယဉ်ကျေးမှု။ ဓလေ့ထုံစံသတ်မှတ်ချက် အပေါ်သုံးသပ်မယ်ဆိုရင် အမျိုးသားနဲ့ အမျိုးသမီး ပါဝင်တဲ့ အခန်းဏ္ဍခွဲခြားနေသည်ကို တွေ့ နရပါသည်။ ဘယ်နေရာ အခန်းဏ္ဍမဆို တန်းတူညီမျှမှုမရှိကြဘူး။ အဘယ်ကြောင်းဆိုသော် ယဉ်ကျေးမှုတွေကိုကြည့်ရမည်။ မိန်းကလေးတွေဆိုဖုန်နိမ့်တယ် ယောင်္ကျားတွေဆို ဖုန်းမြင်တယ်လို့ ယူဆကြသည်၊


မိသားစုတစ်စုထဲမှာ သမီး(၂) ယောက် သား (၂) ယောက် တန်းတူရှိတယ်တောင်မှ သူတိုဏ္ဍလေး ယောက်ရဲ့   အခွင့်ရေး ရယူမxက မတူညီ'ကဘူး၊ ဘာဖြစ်လိုဏ္ဍဆိုတော့ မိဘတွေက ယောင်္ကျာဆိုတာ ပညာ တက်ရမယ်။ မြင့်တဲ့နေရာ ထိုင် ရမယ်။ မိဘတွေလုပ်ကြွေးရမယ်ဆိုတဲ့ယုံကြည်ယူဆချက်ရှိနေပါသည်။   သားနှစ် ယောက်စလုံးက ကျောင်းပြီးတဲ့အထိ ကျောင်းတက်ခွင့်ရှိတယ် ဒါပေးမဲ့ သမီးနှစ်ယောက်က မူလ တန်း (သို့ ) အလယ်တန်းအထိတက်ပြီးရင် ကျောင်း ထွက်ရတယ်၊ မိန်းကလေးအလုပ်တွေက ထမင်း၊ ဟင်း ချက်။ သန်းရှင်းရေး။ အဝတ်လျှော်။ ကလေးထိန်း။ ညအပြင်မ ထွက်ရ။ မြင်တဲ့နေရာမထိုင်ရ။ ယဉ်ယဉ်ကျေး ကျေးနေထိုင်ရမယ်။ အသံမကျယ်ရ။ ကျောင်းအပြီးတက်စရာမ လိုဘူး ဆိုပြီးတော့ သူတိုဏ္ဍယောင်္ကျာရရင် သူယောင်္ကျားလုပ်ကြွေးလိမ့်မည်။ အပြင်လောကမှာ စီးပွားရေးသွားမရှာရ။ ခရီး ခဏခဏ မထွက်ရ။အပြင် လောကမှာ စီးပွားသွားရှာရင် မိန်းမပျက်လိုဏ္ဍ သတ်မှတ်ကြပါတယ်၊ အမျိုးသမီးဆိုရင် ကိုယ် ရပ်ကိုယ်ရွာမှာ နေပြီး လုပ်ကိုင်စားသောက်ရမယ်၊

ဒါကြောင်း မိသားစု စီးပွားရေး အဆင်မပြေဘူးဆိုရင် မိန်းကလေးတွေက ကျောင်းထွက်ရတယ်။ မိဘတွေကို ကူရတယ်။ ပိုက်ဆံဝင်ငွေရှားရတယ်။ အခြားနေရာမှာ အလုပ်သွားရှာရတယ်၊  ယောင်္ကျားလေတွေ ကျောင်း ပြီးတဲ့အထိ တက်ရတယ်၊ ယောင်္ကျားလေတွေက ကျောင်းပြီးတဲ့အထိတက်ရတယ်၊ မိဘတွေက ကျောင်း တွေပေးမထွက်ဘူး၊ တချိုဏ္ဍက လေးတွေဆိုရင် မတက်ချင်တာတောင်မှ မိဘတွေက အတင့်တက်ခိုင်းတယ်၊ အမျိုသမီးတွေရဲ့ ဘဝကို ဘယ် အလုပ်။ ဘယ်နေရာမဆို အခြားသူတပါးရဲ့ အောက်မှာ ခွဲခြားဖိနှိပ်ခံရတာ တွေ့ ရသည်၊ အလုပ်လုပ်နေတဲ့နေရာမှာဆို အမျိုး သား ကျပ် (၁ဝဝဝ) ရရင် အမျိုးသမီးက ကျပ် (၅ဝဝ) လောက် ပဲရတယ်။။ ဘာဖြစ်လိုဏ္ဍလဲဆိုတော့ အမျိုးသမီးတွေ အားနွမ့်တယ် ယောင်္ကျားအားလောက်မလုပ် နိုင်ဘူးလို့ ပြောတယ်၊

ပညာရေးအပိုင်းမှာဆိုလည်း မိဘ။ဆရာ။မများ။ ပတ်ဝန်းကျင်တွေကို ခွဲခြားခံရသည်သာမက အစိုးရခွဲခြား ခံမှုအောက်မှာ လည်းခံရတယ်၊ မိဘ၊ ပတ်ဝန်းကျင်တွေက မိန်းကလေးတွေ ပညာတက်ဖြစ်စရာမလိုဘူး။ မိသားစုထဲမှာ ဧည့်သည်တွေဘဲ။ ယောင်္ကျားလေတွေဘဲပညာတက်ရမယ်၊ ကျောင်းမှာဆို ဆရာ၊မများတွေ က မိန်းကလေးနဲ့  ယောင်္ကျား လေးကို ခွဲခြားပြီး ဆက်ဆံတယ်၊သူတို့  ယောင်္ကျားတွေကို ပိုချစ်တယ် ဦး စားပေးတယ်။ တခါတလေ သူတို့ အမှား လုပ်မိတောင်မှ မိန်းကလေးတွေကိုဘဲ အပြစ်တင်တယ်၊ ပြီးတော့ ယောင်္ကျားလေးတွေဆိုရင် သူတို့ ကိုင် တဲ့ဘာသာရပ် အလွယ်တကူရွေးလို့ ရတယ်။ အမျိုးသား ဆိုတအား အခက်ခဲရှိတယ်၊ ဥပမာ - မိန်းကလေးတွေက ဆရာဝန်လိုင်း ယူချင်ရင် ယောင်္ကျားလေထပ် အမှတ်များမှရ မယ်၊ တခါတလေ အမှတ်များတာတောင်မှ အစိုးရကမပေးဘူး၊


ဒါကြောင်း ပလောင်အမျိုးသမီးများက အများအားဖြင့် အိမ်တွင်းမှုလုပ်ငန်းကို တာဝန်ယူရပါတယ်၊ အိမ်တွင်း မှုအ လုပ်တွေ အခြားသောတာဝန်များ။  မိသားစု စားဝတ်နေရေး အဆင်ပြေဖို့ အတွက် အပြင်အလုပ်ကို လည်း လုပ်ကိုင်ရပါတယ်၊ ကျမတို့ က ကိုယ်ရပ်ကိုယ်ရွာမှာ ဗိုင်းကောင်းကျောက် ဖိနေမယ်ဆိုရင် အမျိုး သမီးတယောက်ရဲ့ တက်လမ်း တွေဟာ နောက်နှေးနိုင်ပါတယ်၊

ကျမတိုဏ္ဍ အမျိုးသမီးဘဝကြည့်မယ်ဆိုရင် ဝမ်းနည်းစရာ သနားစရာကောင်းလှပါတယ် ဘာဖြစ်လဲဆိုတော့ နေရာတ ကာမှာ ခွဲခြားမှု၊ ကန့် သတ်မှု၊ ကျည်းကြပ်မှုအောက်မှာ အမြဲတမ်းခံနေရတယ်။ အပြင်ဗဟုသုတ လည်း ဘာမှမရှိ၊ သူများသိတဲ့အရာ။ တက်တဲ့အရာလည်း ဘာမှသိတော့ အတွေ့ အကြုံဗဟုသုတနည်း ပါးလာတယ်၊ အမျိုးသမီးတွေက အိမ်မှာအမြဲတမ်း နေတဲ့အခါကျတော့ စိတ်တွေက ကျဉ်းကြပ်လာတဲ့ အချိန်မှာ တချို့ အမျိုးသမီးတွေဆိုရင်  စိတ်ဓါတ် ကျပြီး စိတ်ဖောက်ပြန်တတ်တယ်၊ အိမ်မှာပဲ နစ်မြုပ်နေမယ် ဆိုရင် လောကအကြောင်းကို ဘာမှမသိနိုင်တော့ဘူး၊ အပြင်လောကနဲ့  ဝေးလာတတ်သလို သူဘဝမှာ လည်း အထီးကျန် လာနိုင်ပါတယ်၊ ဒီလိုဖြစ်ခြင်းအားဖြင့် ကျမတို့  အမျိုးသမီးတွေဟာ ဘယ်နေရာပဲသွားသွား သူများအနှိမ်ခံ ရတယ်၊ လိမ်စားခံရတယ်၊ မိမိကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုမရှိဘူး၊ အားငယ်စိတ်တွေ လည်းဖြစ်လာတယ်၊ ပတ်ဝန်းကျင်မှာလည်း မပြောရဲ မဆိုရဲတတ်လူ ဖြစ်လာတယ်၊ နှစ်ပေါင်းတွေကြာ လာတော့ အမျိုးသမီးတွေက သူတပါးကိုဘဲ အားကိုးချင်တဲ့စိတ်တွေဖြစ်လာတယ်၊ ပြီးတော့ အမျိုးသမီးလို့  ပြောလာရင် အပြင်လောက အလုပ်ကို ဘာမှမလုပ်တတ်၊ မကိုင်တတ်၊ ဘာမှမသိဘူးလို့ ပတ်ဝန်းကျင် တွေ က တဖြည်းဖြည်းနဲ့  လက်ခံလာကြတယ်၊ အမျိုးးသမီးတွေကိုယ်တိုင်းလည်း ကိုယ့်ကိုယ်ကို လက်ခံလာကြ တယ်၊ ဒါဟာ မဖြစ်သင့်တဲ့ အရာတွေပါဘဲ။

အခုလက်ရှိအမျိုးသမီးအခြေအနေပြန်သုံးသပ်မယ်ဆိုရင် နိုင်ငံတကာမှာလူပ်ရှားမxတွေကို အမျိုးသမီးပါဝင် နှုန်းက အရင်ကထက်ပိုပြီးတိုးတက်လာတယ်လိုဏ္ဍ ပြောလိုဏ္ဍရတယ်၊  ဒါပေးမဲ့ ခွဲခြားမှုကရှိနေသေးတုန်း ပါဘဲ ဘာဖြစ်လို့ ဆိုတော့ တချို့ က ဘိုးဘွားစဉ်ကတည်း ဓလေ့ထုံစံအရ ခွဲခြားနေတာရှိတယ်၊ စကားပုံ ကြည့်ဆိုလည်း (မိန်းမဖျက် ပြည်ပျက်၊ကြက်မတွန်ရင် မိုးမလင်း) စသည့်ဖြင့် အမျိုးသမီးနဲ့  အမျိုးသားခွဲခြား တဲ့စကား တွေကိုဖြော်ပကြတယ်။ တချိုဏ္ဍအမျိုးသား တွေက အမျိုးသမီးလုပ်တဲ့လုပ်ငန်း။ လှုပ်ရှားမှုကို အားမပေးကြဘူး ဂရုမစိုကကြဘူး။ လျှစ်လှူရူနေတာ တွေ့ ရတယ်၊ ဒါကြောင်း အမျိုးသမီးတွေက ကိုယ့် ကိုယုံကြည့်မှုတွေမရှိကြဘူး။ ရတဲ့အခွင့်အရေးတောင်မှ မသုံးရဲ့ ကြဘူး။။

ဒါေ'ကာင့် ကျမတိုဏ္ဍက ဓလေ့ထုံးစံ။ ယဉ်ကျေးမှုတွေရဲ့  ကန့် သတ်ချက်အရသုံးသပ်မယ်ဆိုရင်  တချို့ ဓ လေ့ထုံးစံတွေက အမျိုးသမီးဘဝကို တအားခွဲခြားဖိနှိပ်ခံနေတုန်းဘဲ။ ကျဉ်းကြပ်မှုကိုခံစားရတယ်၊ ဆိုတော့ တချို့ ယဉ်ကျေးမှုတွေကို တဖြည်းဖြည်းပြုပြင် ပြောင်းလဲသွားဖို့ လိုတယ်လို ကျမမြင်တယ်။ အဲလိုပြောရင် ကျမတို့ ဓလေ့ထုံးစံ။ ယဉ်ကျေးမှုတွေကို မလေစား။ ဂရုမစိုက်သ လိုရောက်တယ်။ ဒါပေမဲ့ အမျိုးသမီး အခွင့် အလမ်းပိတ်ပင်တားဆီတဲ့တချို့ အချက်တွေကို ဥပမာ - အမျိုးသမီးဆိုရင် အိမ်တွင်းအလုပ် လုပ်ရ တယ်။ ပညာတက်စရာမ လိုဘူး စသည့်ခွဲခြားမှု- ဖြောက်ဖျက်သင့် တယ်လိုဏ္ဍ ယူဆပါတယ်၊ ပြီးတော့ အမျိုးသမီး ကိုယ်တိုင်လည်း သူများနဲ့ ရင်ဘောင်တန်းအောင် အမျိုးသမီးအခွင့် အရေးအတွက် ပါဝင်လုပ် ဆောင်ကြပါ။ ရတဲ့အခွင့်အရေးတွေကို အဆုံးရူံးမခံပါနဲ့  သုံးကြပါ။။ အမျိုးသားတွေလည်း အမျိုးသမီးနဲ့  အတူလက်တွဲခေါ် ဆောင်ကြပါ။ အမျိုးသမီးအရေးတွေကို မြှင်ဏ္ဍတင်ပေးပါလို့ ကျမအကြံပြုလိုပါတယ်၊


Wrote by
လိုည်းလှားရိုန်း                                                                             

No comments: