Welcome To Ta'ang Mountain

Ta'ang people is a minority ethnic group and living in the mountain hills with green tea and farming in Northern Shan State of Burma. We, Ta'ang people have our own culture, literature, language, territory and economic!!

Tuesday, May 17, 2011

ကြံ့ဖွတ်အစိုးရ(သို့) စစ်အစိုးရသစ်၏ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းအမိန့်အမှတ်(၂၈/၂၀၁၁)နှင့် ပတ်သက် ၍ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB) ၏ သဘောထားအမြင်

၁။ ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန် စစ်အစိုးရသစ် သမ္မတအနေနဲ့ ထုတ်ပြန်ချက်မှာရေးသားထားတဲ့ “ဒီမို ကရေစီ နိုင်ငံတော်သစ်ကို ပြည်သူလူထုတရပ်လုံးရဲ့တခဲနက်ထောက်ခံမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ပ်ါထွန်းလာခဲ့ပါတယ်၊ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် နိုင်ငံတော်အစိုးရဟာ တည် ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်သူများအား တရားဥပဒေနှင့် အညီ ပြစ်ဒဏ်များချမှတ်ခဲ့ရပါတယ်။ သို့ရာတွင် ပြစ် ဒဏ်ကျအကျဉ်းသားများအား တဖက်တလမ်းမှ အကျိုး 
ပုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်လည်း စီမံ ဆောင်ရွက်လျှက်ရှိပါတယ်။ ဒါကြောင့် အကျဉ်းသားတွေကို လူသားချင်းစာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ ယင်းတို့၏မိသားစုများအား ငဲ့ညှာသောအားဖြင့်  နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်”ဆိုတဲ့ ရေးသားထားသည့် အ ချက်များဟာ အလွန်မှရယ်စရာကောင်းပြီး အဆင့်အတန်းမရှိတဲ့ ပျက်လုံးတခုပဲ ဖြစ်ပါတယ်။

၂။ ပြည်တွင်းဖိအား၊ နိုင်ငံတကာဖိအားတွေကိုလျှော့ချစေဖို့ ဒီလို မဖြစ်ညစ်ကျယ်လုပ်ရပ်မျိုးနဲ့ စတင်လိုက် တာ ဖြစ်ပါတယ်။

၃။ စစ်အုပ်စုအဆက်ဆက်ဟာ တိုင်းပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးဆိုတာကိုအရှက်ကင်း မဲ့       စွာ ဗြောင် ငြင်းလိုက်တာ ဖြစ်ပါတယ်။

၎။ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်တောင်းဆိုနေတဲ့ မြန်မာနိုင်ငံ သား တွေ၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာလူ့အခွင့်အရေးကောင်စီနဲ့လူ့အခွင့် အရေးအဖွဲ့တွေ၊ နိုင်ငံ တကာပြည်သူတွေကို ပျက်ရယ်ပြု စော်ကားပြလိုက်တာလည်း ဖြစ်ပါတယ်။

၅။ အရှင်ဂမBီရအပါအ၀င် ရဟန်းသံဃာတော်များ၊  ဦးခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထင်နှင့်တိုင်းရင်း သားေ ခါင်း ဆောင်များ၊ ကိုမင်းကိုနိုင်အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ကိုကျော်ကိုကို အပါအ ၀င် ၂၀၀၇ ခုနှစ် ကျောင်းသားလူငယ်များကို နှစ်ပေါင်း(၆၀)ကျော်၊(၁၀၀)ကျော် ထောင်ချထားပြီး ဒီကြေညာ ချက်နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတဲ့ နိုင်ငံရေးတောင်းဆိုချက်များ ကို အဖြေတမျိုးပေးလိုက်တာ ဖြစ်ပါတယ်။

၆။ ဒါကြောင့် စစ်အုပ်စုသစ် ကြံ့ဖွတ်အစိုးရရဲ့ အရှက်တရားကင်းမဲ့တဲ့လှည့်ဖြားမှု၊ လိမ်ညာမှိုင်းတိုက်မှုများကို ဖွင့် ချဆန့်ကျင်ပြီး စစ်မှန်တဲ့လွတ်လပ်ရေး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ၊ ငြိမ်းချမ်းရေးတို့အတွက် ပြည် တွင်းပြည်ပ အင် အားစုများ၊ နိုင်ငံတကာဝိုင်းရံမှုများနှင့်အတူ ဆက်လက်တောင်းဆို တိုက်ပွဲဝင် သွားကြရ မှာ ဖြစ်ပါသည်။

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)
၂၀၁၁ ခုနှစ်၊ မေလ (၁၇)ရက်
ဆက်သွယ်ရန်(ဖုန်း)ြ၆၆(၀) ၈၄၈၁၁၉၅၉၄ယြ၆၆(၀) ၈၃၇၆၁၈၀၈၆

No comments: