Ta'ang Mountain Land
Pages
Home
Contact Me
Ta'ang Music
Welcome To Ta'ang Mountain
Ta'ang people is a minority ethnic group and living in the mountain hills with green tea and farming in Northern Shan State of Burma. We, Ta'ang people have our own culture, literature, language, territory and economic!!
Saturday, July 16, 2011
တစ်ဖက်နိုင်ငံသို့ ရောင်းစားခံရနိုင်ဖွယ် ရှိသော ကလေးငယ် ၆၀ ဦးကို ပြင်ဦးလွင်ရှိ ပရဟိတ ကျောင်းနှစ်ကျောင်းတွင် စောင့်ရှောက်ထား
Tuesday, 12 July 2011 21:53
တစ်ဖက်နိုင်ငံသို့ ရောင်းစားခံ ရနိုင်ဖွယ်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှ ကလေးငယ် ၆၀ ဦးကို ပြင်ဦးလွင်မြို့ရှိ ရွှေစင်မင်းသီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းနှင့် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာရွာဒိုးပင် ပရဟိတ မိဘမဲ့ ကလေးကျောင်းများတွင် စောင့်ရှောက်ထားကြောင်း သတင်းရရှိပါသည်။
"နမ့်ဆန်မြို့နယ် မိုင်မန်ကျေး ရွာ ဆရာတော်က ဆရာလေးရဲ့ အစ် ကိုတော်တယ်။ သူကနေပြီး နမ့်ဆန် မြို့နယ်ထဲက တစ်ဖက်နိုင်ငံကို ရောင်းစားခံရတော့မယ့် ကလေးတွေ နဲ့ ရောင်းစားခံရမယ့် အလားအလာ ရှိတဲ့ကလေး အယောက် ၆၀ ကို မေလတုန်းက ပြင်ဦးလွင်ကို လာပို့တယ်။ ကလေးတွေထဲမှာ အသက် နှစ်နှစ်ကနေ ၁၅ နှစ်အတွင်းရှိတဲ့ ယောက်ျားလေး အယောက် ၃၀ နဲ့ မိန်းကလေး အယောက်၃၀ ပါပါတယ်။ ဆရာလေးရဲ့ကျောင်းက သီလရှင်သင် ပညာရေးကျောင်းဆိုတော့ ယောက်ျားလေး အယောက် ၃၀ ကို အောင်ချမ်းသာရွာက ဒိုးပင်ပရဟိတ မိဘမဲ့ကလေးကျောင်းကို ပြန်လွှဲပေးလိုက်တယ်"ဟု ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)ရှိ ရွှေစင်မင်းသီလရှင်သင်(အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဒေါ်နန္ဒသိင်္ဂီက မိန့်ကြားခဲ့ပါသည်။
အဆိုပါ ကလေးငယ်များမှာ ဆင်းရဲလွန်းသောကြောင့် တစ်ဖက်နိုင်ငံသို့ မိဘကိုယ်တိုင်ရောင်းစားရန် ပြင်ဆင်နေခြင်း၊ မိဘများတောင်ယာ လုပ်ငန်းသွားရောက် လုပ်ကိုင်နေစဉ် လူကုန်ကူးသူများ၏ စည်းရုံးမှု ခံရခြင်း၊ လက်ဖက်လုပ်ငန်း မကောင်းသောကြောင့် ရပ်တည်ရန် ခက်ခဲခြင်း၊ မိစုံဖစုံမရှိခြင်း စသည်တို့ကြောင့် လူကုန်ကူးခံရရန် အလားအလာရှိနေသဖြင့် မိုင်မန်ကျေးရွာ ဆရာတော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ယင်းကဲ့သို့ လာရောက် ပို့ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁) ရှိ ရွှေစင်မင်း သီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းတွင် စောင့်ရှောက်ထားသော ကလေးငယ် ၃၃၅ ဦးရှိပြီး ကျောက်မဲ၊ သီပေါ၊ သိန္နီ၊ မိုင်းကိုင်၊ နမ့်ဆန်၊ မြစ်ကြီးနားနှင့် စစ်ကိုင်းတို့မှ ကလေးငယ်များ ပါဝင်ကြောင်း သိရပါသည်။
"ဆရာလေးတို့က စစ်ကိုင်းကနေ ပြင်ဦးလွင်ကို ၂၀၀၁ ခုနှစ်မှာ ပြောင်းလာတော့ စစ်ကိုင်းကနေ မိဘတွေကိုယ်တိုင် ပေးလိုက်တဲ့ ကလေး နှစ်ယောက်အပါအ၀င် သီလရှင် အပါး ၄၀ နဲ့စခဲ့တာ။ ဒိုးပင်ပရဟိတ ဆရာတော်ကို အားကျတော့ ငါဖြစ်အောင်လုပ်မယ်ဆိုပြီး လုပ်ခဲ့တာပါ။ အခုဆိုရင် ကလေးငယ် ၃၃၅ ဦး အထိရှိလာပါပြီ။ ဒီကလေးတွေထဲမှာ မိခင်ကိုယ်တိုင်ရောင်းစားဖို့ ပြင်နေတဲ့ ကျောက်မဲက ကလေးတောင်ပါတယ်။ မိခင်လက်ထဲကနေ ဆရာလေးက ကျပ်သုံးသောင်းပေးပြီး ၀ယ်ခဲ့ရတယ်။ အဲဒီတုန်းက ကလေးက သုံးနှစ်လောက်ပဲ ရှိသေးတယ်။ အခု အဲဒီကလေး ငါးတန်းတောင် ရောက်နေပြီ"ဟု ရွှေစင်မင်း ကျောင်းအုပ်ဆရာကြီးက မိန့်ကြားခဲ့ပါသည်။
အဆိုပါ သီလရှင်သင် (အမျိုးသမီး) ပရဟိတ ပညာရေးကျောင်းတွင် မူကြိုသီလရှင်နှင့် ကျောင်းသူ ၃၀ ဦး၊ သီလရှင်ဝတ် ပထမတန်း ၅၀ ဦး၊ ဒုတိယတန်း ၃၅ ဦး၊ တတိယတန်း ၃၅ ဦး၊ စတုတ္ထတန်း ၄၀ ဦး၊ ပဉ္စမတန်း ၃၀ဦး၊ ဆဋ္ဌမတန်း ၃၀ ဦး၊ သတ္တမတန်း ၂၈ ဦး၊ အဋ္ဌမ တန်း ၁၀ ဦး၊ န၀မတန်း ၁၀ ဦး၊ ဒသမတန်း သုံးဦး၊ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ လေးဦးတို့ကို စောင့်ရှောက်ထားကြောင်း သိရှိရသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment