Welcome To Ta'ang Mountain

Ta'ang people is a minority ethnic group and living in the mountain hills with green tea and farming in Northern Shan State of Burma. We, Ta'ang people have our own culture, literature, language, territory and economic!!

Thursday, August 4, 2011

တအာင်း(ပလောင်)ခေါင်းဆောင် မိုင်းအိုက်ပန်း အကြောင်း

တအာင်း (ပလောင်) ခေါင်းဆောင် မိုင်းအိုက်ပန်း ကျဆုံးသည့် (၉)နှစ်ပြည့်ဖြစ်သည့်အတွက်  ညီအစ်ကို မောင်နှမ များအားလုံးအတွက် ခေါင်းဆောင်မိုင်းအိုက်ပန်းအကြောင်း တစ်စုံတရာကို တင်ထားပေးပါသည်။



ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး တွဲဖက်အတွင်းရေးမှုး
မိုင်းအိုက်ပန်း
၁၉၆၂-၂၀၀၂
၇၁ ဦးမြောက် အကျဉ်းထောင်အတွင်း သေဆုံးရသူ နိုင်ငံရေးအကျဉ်းသား

၂၀၀၀ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တွင် ဖမ်းဆီးခြင်းခံရပြီး ၁၇၊၁ ဖြင့်မော်လမြိုင်ထောင် တွင် ထောက်ဒဏ် ၇နှစ် အပြစ်ပေးခြင်းခံခဲ့ရသည်၊ ၂၀၀၂ ခုနှစ်ဇူလိုင်လ၃၁ရက်နေ့ တွင်မော်လမြိုင် အကျဉ်းထောင့် ကွယ်လွန်ခဲ့သည်၊

ရဲဘော်မိုင်းအိုက်ပန်းသည် ၁၉၈၄ ခုနှစ်တွင်ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ အဖွဲ့ ဝင်တစ် ဦး ဖြစ် စတင်ပါဝင်လာခဲ့ပါသည်၊ ၁၉၈၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလော ဌာန ချုပ်ရှိ အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ဗဟိုဌာနချုပ်ရုံးသို့  ပလောင်ပြည်နယ် လွတ်မြောက် ရေးပါတီ. ကိုယ် စားလှယ် အဖြစ်စေလွတ်ခြင်းခံခဲ့ရပါသည်၊

၁၉၉၁ခုနှစ် ဧပြီလတွင် ပင်မအဖွဲ့ အစည်းဖြစ်သည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးပါတီ။ ပ လောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်က န၀တ၊ နအဖနှင့်မလွဲမရှောင်သာသော အခြေ အနေ ကြောင့် အပစ်အခတ်ရဲစဲ ရေးပြုခဲ့ရပါသည်၊  ယင်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အပေါ်  စစ်မှန်သည့်ငြိမ်းချမ်းရေးမဟုတ်ကြောင်း အတုအယောင်ငြိမ်းချမ်းရေးသာဖြစ်ကြော င်း ပြတ်သား စွာကန့် ကွက်ခဲ့ပြီး။ စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး။ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ဒီမိုကရေစီ ထွန်းကား ရေးအတွက် ဆက်လက် တိုက်ပွဲဝင်လာခဲ့ သူ တဦးဖြစ်ပါသည်၊


ထို့ ကြောင့် ရဲဘေဲာမိုင်းအိုက်ပန်း အပါအ၀င် မာနယ်ပလောတွင်ရောက်ရှိနေသော ပလောင် ခေါင်းဆောင် အချို့  နှင့် လူငယ်များက အပစ်အခတ် ရပ်စဲရေးအပေါ် သဘောတူလက် မခံ သည့် ခေါင်းဆောင်များ။ တပ်ပေါင်းစု ကိုယ် စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းပြီး ၁၉၉၂ ခုနှစ ဇန်နာ ၀ါရီ (၁၂) ရက်နေ့ တွင် ပလောင် ပြည်နယ်လွတ် မြောက် ရေးတပ်ဦး ကိုဖွဲ့ စည်းခဲ့သည်၊ ထိုအချိန် တွင် သူသည်တပ်ဦး.ဗဟိုကော်မတီဝင်အဖြစ် ပါဝင်လှုပ်ရှား (မဒတ) ဗဟိုအလုပ်အမှုဆောင် သဘာ ပတိအဖွဲ့ ဝင်အဖြစ် တာဝန်ထမ်းဆောင် နေဆဲဖြစ်သည်၊

၂၀၀၀ပြည့်နှစ် ဇူလိုင်လ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ထမအကြိမ် ညီလာခံတွင် ဗဟို အလုပ် အမှုဆောင် ကော်မတီအသစ်ပြန်လည်ပြင်ဆင်ဖွဲ့ စည်းပြီး ရဲဘော် မိုင်းအိုက်ပန်းအား တွဲဖက် အတွင်းရေးမှုး အ ဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်၊

ထို့ ပြင် မိုင်းအိုက်ပန်းသည် ပြည်တွင်းရှိ ပလောင်လူငယ်များကို စည်းရုံးကာ ထိုင်း-မြန်မာနယ်စပ် လွတ်မြောက် နယ်မြေတွင် ပလောင်လူငယ်နှင့် ပလောင်အမျိုးသမီးအစည်းအရုံး ပေါ်ပေါက်လာစေရန် အဓိက ဦးဆောင်ကြိုး ပမ်းတည်ဆောင်ခဲ့သူ ပလောင်အမျိုးသား ခေါင်းဆောင်တစ်ဦးလည်း ဖြစ် သည်၊

ရဲဘော် မိုင်းအိုက်ပန်းသည် ၂၀၀၁ ခုနှစ်။အောက်တိုဘာလ ၁ရက်နေ့ တွင် ၄င်း.မြေအောက်လုပ်ငန်း တာဝန် ထမ်းဆောင်နေချိန်အတွင်း မြ၀တီမြို့  ထိုင်း-မြန်မာနယ်စပ်ဂိတ်အနီး နအဖစစ်ထောက် လှမ်းရေး. ဖမ်းဆီးခြင်း ကိုခံခဲ့ရပါသည်၊ ထိုနောက် မွန်ပြည်နယ်ရှိ မော်လမြိုင် အကျဉ်းထောင်တွင် နအဖ ထုတ်ပြန်သော မတရားအ သင်း အက်ဥပဒေ ၁၇။၁ ထောင်ဒဏ် ၇ နှစ်ဖြင့် အပြစ်ပေး စီရင်ခြင်းကို ခံခဲ့ရပါသည်၊ ရဲဘော် မိုင်းအိုက်ပန်းသည် ဖမ်းဆီးခံရစဉ်တွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိပါသည်၊ သို့ သော်လည်း ၂၀၀၂ ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ တွင် မိုင်းအိုက်ပန်းအား မော်လမြိုင်ဆေးရုံသို့ ပို့ ဆောင်ခဲ့ ပြီး ၃၁ ၇က်နေ့ တွင် ရေဖျဉ်းရောဂါဖြင့်ရုတ် တရက် သေဆုံးသွား ကြောင်းမော်လမြိုင် အကျဉ်းထောင် အာ ဏာပိုင်များက ၄င်း.မိသားစုထံ အကြောင်း ကြားစာပို့ ခဲ့ သည်၊

ယခုကဲ့သို့  မိုင်းအိုက်ပန်း ရုတ်တရက်သေဆုံးရခြင်းသည် နအဖ. အကျဉ်းထောင်ထဲတွင် စား ၀တ်နေ ရေးချို့ တဲ့မှု၊ ကြမ်းတမ်းသော စစ်ဆေးမေးမြန်း နှိပ်စက်မှုနှင့် ဖျားနာနေချိန်တွင် လူသားချင်း စာနာသော ထိုက်သင့်သည့် ဆေး ကုသမှု မရရှိခြင်းကြောင့် သာလျှင် ဖြစ်သည်ဟု ပြည်ပရောက် ပလောင်လူငယ်များက လေးနက်စွာ ယုံကြည် ထားပါသည်၊

သို့  တော်လှန်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်နေချိန်တွင်း နအဖလက်ထဲတွင် ကျဆုံးခဲ့ ရခြင်း  သည် ပလောင်တစ်မျိုးသားလုံးအတွက် အလွန်ကြီးမားသော ဆုံးရုံးမှုတစ်ရပ်ဖြစ်သည် သာမက မြန်မာပြည် ဒီမို ကရေစီ လိုလားသော ပြည်သူတရပ်လုံးအတွက်ပါ ဆုံးရူံးမှုတစ် ရပ်ပင်ဖြစ် ပေသည်။ ရဲဘော် မိုင်းအိုက်ပန်း ကျဆုံး မှူအတွက် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦးမှ ရဲဘော်များ။ ဇာတိမြေမှ ပလောင်အမျိုးသားများ အားလုံးနှင့်တကွ လုပ်ဖော်ကိုင်ဖက် ရဲဘော်မိတ်ဆွေ အပေါင်းက နှမြောတသကာ အထူးဝမ်းနည်း ကြေကွဲရပါ သည်၊ ထို့ ပြင် မိုင်းအိုက်ပန်း. တော်လှန်ရေး ကာလအတွင်း တော်လှန်ရေးအဖွဲ့ အစည်းများမှ ရဲဘော်ရဲဘက် များနှင့်အတူ ဦးလည်မသုန် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြိုးပမ်းခဲ့မှုများကိုလည်း မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည်၊
ရဲဘော် မိုင်းအိုက်ပန်းအား လေးစားဂုဏ်ပြုဦးညွတ်လျက်၊
ရဲဘော် မိုင်းအိုက်ပန်း ကောင်းရာသုဂတိလားပါစေ၊
                                         
ပြည်ပရောက်ပလောင်လူငယ်များ၊
နေ့ ရက်၊   ၊ ၂၀၀၂ ခုနှစ်။ ”ဂြုတ်လ (၃၁) ရက်နေ့ ၊

No comments: