Welcome To Ta'ang Mountain

Ta'ang people is a minority ethnic group and living in the mountain hills with green tea and farming in Northern Shan State of Burma. We, Ta'ang people have our own culture, literature, language, territory and economic!!

Wednesday, August 31, 2011

နမ့်ဆန်မြို့နယ်တွင်း ရှမ်းတပ်မတော်မုန်းတီးရေးဝါဒြ ဖန့်နေ

၂၀၁၁-ခုနှစ်၊သြဂုတ်လ၊၂၁ရက်နေ့တွင် ရှမ်းပြည်တပ်မတော်(SSA/SSPP)မှ နမ့်ဆန်မြို့နယ်ရှိ နဂါးပျံစက် ရုံနှင့် ဗိုလ်ကြီးသန်းထွန်း ဦးဆောင်သော တပ်မတော်အချိုခြောက်စက်ရုံတွင် ခြိမ်းခြောက်စာ ပို့ပြီး ငွေပမာဏ မြောက်များစွာ တောင်းခံခဲ့သည်ဟု နမ့်ဆန်မြို့နယ်တခုလုံး ကောလဟာလ သတင်းပျံ့နေ ပါသည်။

နဂါးပျံအချိုခြောက်စက်ရုံတွင် ကျပ်သိန်း(၃၀၀)၊ တပ်မတော်စက်ရုံတွင် ကျပ်သိန်း(၁၀၀) ကို ရှမ်းတပ် မတော်မှ စာပို့ပြီး တောင်းခံရာ တပ်မတော်အချိုခြောက်စက်ရုံအတွက် ဗိုလ်ကြီးသန်းထွန်းမှ ရှမ်းအဖွဲ့ ကို တောင်းပန်ပြီး သိန်း (၇၀) ပေးခဲ့ရသည်ဟု ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။

နမ့်ဆန်မြို့နယ် တာဝန်ရှိသူ(TNPအဖွဲ့ဝင်) တစ်ဦးကိုစုံစမ်းမေးမြန်းကြည့်ရာ ကောလဟာလ သတင်း သာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

သို့သော် ယင်းသတင်းသည် မှန်ကန်မှုရှိသည့်အပြင် အခြားရွာရှိလက်ဖက်စက်ရုံများကိုလည်း ဆက်ကြေး တောင်းခံဖွယ် ရှိကြောင်းနှင့် နမ့်ဆန်မြို့ကယားလမ်းဘက်ရှိရွာများကို ဆက်ကြေးတောင်း ခံ နေ ပြီဖြစ်ကြောင်း ဗိုလ်ကြီးသန်းထွန်းမှ ရှမ်းစစ်သားမုန်းတီးရေးဝါဒဖြန့် သတိပေးထားပါသည်။


"တစ်ချို့ရွာတွေမှာ ရှမ်းစစ်သားတွေ ငွေတောင်းလို့မပေးနိုင်ရင် ရွာအတွက်အန္တရာယ်ဖြစ်လာမှာ စိုးရိမ်ပြီး ချက်ချင်း ထုတ်ပေးနိုင်အောင် ရွာသူ၊ရွာသားတွေဆီမှာ ကြိုတင်ပိုက်ဆံ ကောက်ထားမှုတွေ ရှိနေတယ်"ဟု TNP အဖွဲ့ဝင် တစ်ဦးက ပြောပြခဲ့ပါသည်။

ရှမ်းစစ်သားများ နမ့်ဆန်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုရှိနေသည်ဟု အကြိမ်ကြိမ် သတင်းရရှိပြီး ရှာဖွေသော်လည်း မတွေ့ရ သောကြောင့် ရှမ်းစစ်သားများသည် ဒေသခံများ၏ ထောက်ခံမှု တစုံတရာ ရရှိနေသည်ဟု မြန်မာစစ်တပ်မှ နားလည်သဖြင့် ယခုကဲ့သို့ ရှမ်းစစ်သားမုန်းတီးရေး ဝါဒဖြန့်နေသည် ဟု ဒေ သခံ တစ်ဦးမှ ပြောပြခဲ့ပါသည်။

လက်ရှိပြသနာကြောင့် ဗိုလ်ကြီးသန်းထွန်းမှာ ကြောက်လန့်ပြီး မန္တလေးသို့ခတ္တ ရှောင်နေလိုက်သည်ဟု တချို့ ဒေသခံများ ပြောနေကြသည့်အပြင်၊ နေပြည်တော်တွင် အစည်းအဝေးသွားတက်နေ သည် ဟု ပြောနေကြသူများလည်းရှိသည်။
 သတင်းမှတ်တမ်းနှင့်သုတေသနဌာန
တအာင်းကျောင်းသားနှင့်လူငယ်များ
အစည်းအရုံး

No comments: