Ta'ang Mountain Land
Pages
Home
Contact Me
Ta'ang Music
Welcome To Ta'ang Mountain
Ta'ang people is a minority ethnic group and living in the mountain hills with green tea and farming in Northern Shan State of Burma. We, Ta'ang people have our own culture, literature, language, territory and economic!!
Thursday, September 1, 2011
စာပေယဉ်ကျေးမှုကို မြှင့်တင်ရုံဖြင့် မလုံလောက်တော့
အယ်ဒီတာ
တအာင်းလူငယ်စာစောင်
တအာင်းလူမျိုးတို့သည် သမိုင်းဗီဇအရ မြို့ပြတွင် မနေထိုင်လိုကြပဲ မြို့နဲ့ဝေးရာ တောတောင် ထူထပ်သော ကမ်းပါးမှာ ပဝေဿဏီကတည်းက ယခုအထိ နေထိုင်ကြ၏။ မိမိကိုယ်ကိုယ် လည်း တောင်ကမ်း ပါ၌ေ နသောလူမျိုး တအာင်း လူမျိုးဟု ဂုဏ်ယူကြသည်။ ဆက်သွယ်ရေး ခက် ခဲသော တောတောင် မှာ နေတဲ့အ တွက် ကြာလာသောအခါ သူ့အရပ် တွင် စကားသံတစ်မျိုး ကိုယ့်အရပ် ပြောသောစကားသံ တစ်မျိုးပေါ် ထွက်လေ
ခဲ့တော့သည်။
ဘယ်အချိန်ကာလကတည်းက စကားသံကွဲတွေ ပေါ်ဖြစ်လာမှန်း မသိရပေမယ့် လွပ်လပ်ရေးရပြီးခေတ်မှာ တအာင်း မှာ အနည်းဆုံး စကားကွဲပေါင်း(၁၉)မျိုးရှိလာသည်
၊ ဒေသအလိုက် စကားစာပေရှိကြပေမယ့် ဘုံစကား ဘုံစာပေဟူ၍ မရှိပါ။ ဘုံစာပေ ဘုံစကားရှိရန် အထူးလိုအပ်သည်ကို ၁၉၇၀-၀န်းကျင်က ပညာတတ် တအာင်းလူငယ် တက္ကသိုလ် ကျောင်းသားကျောင်းသူများက ဂရုပြုသိလာခဲ့ပြီး သူတို့တွေဟာ ဘုံစာပေ စကားပေါ်ထွက်ဖြစ်လာအောင် ကြိုးစား အားထုတ်ခဲ့သည်၊ သူတို့တွေရဲ့ ကြိုးစားမှုကြောင့် ၁၉၇၁- ခု သြဂုတ်လ ၃၀-ရက်နေ့မှာ ''ဆာမ်လုင်တအာင်းစာပေ ဆာမ်လုင်တအာင်းစကား''ကို တအာင်းတွေရဲ့ ဘုံဘာသာ ဘုံစကားအဖြစ် သတ်မှတ်နိုင်ခဲ့ပါသည်။ ၄င်းအပြင် တအာင်းတွေ နေထိုင်ရာဒေသ အလိုက်ကော်မတီအဖွဲ့
ဖွဲ့ပြီး စာပေယဉ်ကျေးမှုကိစ္စတွေ ကို ဖော်ဆောင်ကြ သည်၊ ၄-နှစ် တစ်ကြိမ်လည်း စာပေယဉ်ကျေးမှုညီလာခံခေါ်ပြီး စာပေတိုးတက်မြင့်မားရေး ကိစ္စတွေကို ကျင်းပနိုင်ခဲ့ကြသည်။ ကြီး မားေ သာ အောင်မြင်မှု တစ်ခုဖြစ်ပါသည်၊ တအာင်းဘုံစာပေ ဖြစ်မြောက်ရေးအတွက် အားထုတ်ခဲ့သော လူငယ် ကျောင်းသားများကို အလေးပြုပါ၏ လေးစားပါ၏။
၂၀၁၁-သြဂုတ်လ ၃၀-ရက်သည် အနှစ်၄၀-မြောက် တအာင်းစာပေယဉ်ကျေးမှုနေ့ဖြစ်ပါတ
ယ်-အနှစ်(၄၀)ြေ မာက် စာပေနေ့ကို တအာင်းတွေနေထိုင်ရာ အခြေချရာ ဒေသတိုင်းတွင် ခမ်းနားစွာကျင်းပခဲ့ကြပါသည်၊ ဒါကလည်း ၀မ်းမြောက်စရာ ကောင်းသည့် အချက်ဖြစ်ပါပေ၏။ သို့သော် အနှစ်လေးဆယ်အောင်မြင်မှုကို ဆန်းစစ်ကြည့်သော် လုံလောက်တဲ့ အောင်မြင်မှု မရရှိခဲ့ပါ ။ ယနေ့မျိုးဆက်သစ် တအာင်းလူငယ်တိုင်းသည် တအာင်းစာ မဖတ်တတ် မရေးတတ်သေးကြပါ ခန်းမှန်းချေအားဖြင့် ၇၀-ရာခိုင်နှုန်းသော တအာင်း လူငယ်တွေမှာ တအာင်းနာမည်ကိုပင် မပိုင်ဆိုင်ကြပေ (ဗမာ အမည်သာ ပိုင်ဆိုင်ကြသည်) တချို့များမူ မိမိကိုယ်ကို တအာင်းဟူ၍ပင် အများသိရှိအောင် ထုတ်ဖော် မပြောဆိုဝံ့ရဲကြပေ။
လုံလောက်တဲ့ အောင်မြင်မှု မရရှိရခြင်းအကြောင်းသည် သက်ဆိုင်ရာ တာဝန်ယူသူများက အလုပ်ကောင်း မွန် စွာ မလုပ်ခြင်း၊ အလုပ်လုပ်နိုင်တဲ့ ပတ်ဝန်းကျင်မရှိခြင်း-များဖြစ်န
ိုင်ပါသည်။ ဘဏ္ဍာငွေကြေးမ ရှိခြင်း သည် လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဟုထင်ပါသည်။ အဓိက အကြောင်းရင်းမှာ အခြေအနေတွေ ကို ကိုယ်ပိုင်ပြဌာန်းခွင့်မရှိတာ ကြောင့်လို့ပြောရင် မမှားနိုင်ပါ။ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပတ်ဝန်းကျင်မှာဆို ရင် ဤစာပေယဉ်ကျေးမှုကိစ္စသည် ယခုကဲ့သို့ အနှစ်လေးဆယ်လောက် အချိန်ယူစရာမလိုပဲ ဆယ်နှစ်ကျော် လုပ်ရင်တောင် တိုးတက်မှုတွေ ဧကန်ရမှာ အသေအချာပင်ဖြစ်သည်။
ဒါကြောင့် ပွင်းလင်းစွာ သုံးသပ်တိုက်တွန်းရသော် တအာင်းတိုင်း တအာင်းကိုယ်ပိုင်ပြဌာန်းခွင့်ရေ
ရးကိစ္စကို အားသွန် ခွန်စိုက် ၀ိုင်းဝန်းကြိုးပမ်းသင့်ကြောင်း
ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရပြီးပါက စာပေယဉ်ကျေးမှုအခွင့် အရေးသည်လည်
း တပါ တည်း ရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment