Welcome To Ta'ang Mountain

Ta'ang people is a minority ethnic group and living in the mountain hills with green tea and farming in Northern Shan State of Burma. We, Ta'ang people have our own culture, literature, language, territory and economic!!

Saturday, September 3, 2011

ပလောင်းအမျိုးသမီးအစည်းအရုံးအကြောင်း

PWO အကြောင်း

ပလောင်အမျိုးသမီးအစည်းအရုံး၏ ယုံကြည်ချက် 

အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြု လေးစားခြင်း၊ နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းစဉ်များ  တွင် အဆင့်တိုင်းနေရာတိုင်း၌ အမျိုးသမီးများကို ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်းသည် တရားမျှတမှုရှိသည့် လူ့ဘောင်အဖွဲ့အစည်းတရပ် ထူထောင်ရာတွင် လုပ်ငန်းတခုအနေဖြင့် ပါဝင်သည်ဟု ပလောင်အမျိုးသမီး အစည်းအရုံးက ယုံကြည်ပါသည်။

အဖွဲ့အစည်းအကြောင်း
တခြားသော ပလောင်အဖွဲ့အစည်းများအတွင်း အမျိုးသမီးများ၏ တက်ကြွစွာပူးပေါင်းပါဝင်မှု ရှားပါးနေ သည်ကို အဖြေရှာသည့်အနေဖြင့် ပလောင်အမျိုးသမီးအစည်းအရုံးကို ၂၀၀၀ခုနှစ်တွင် စတင်တည်ထောင်ခဲ့ ပါသည်။ အချို့သော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကြောင့် အမျိုးသားများသည် ပညာပေးသင်တန်းများ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာကျွမ်းကျင်မှု သင်တန်းများ၊ ခေါင်းဆောင်မှု အခွင့်အရေးများပို၍ ရနိုင်ခြေရှိသည် ကို တွေ့ရပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံးကို အမျိုးသမီးများအား ပညာပေးရန်နှင့် စွမ်းရည်မြှင့်တင်ဆောင်ရွက်ပေး ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပါသည်။ သို့မှသာလျှင် သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပိုမိုခိုင်မာစွာ ကျင့်သုံး လာနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း တန်းတူရည်တူပါဝင်ဆောင်ရွက်လာနိုင်စေရန်ဖြစ်ပါသည်။

ရည်မှန်းချက်ပန်းတိုင်
ပလောင်အမျိုးသမီးအစည်းအရုံးသည် တန်းတူညီမျှမှုနှင့် ငြိမ်းချမ်း၍ တရားမျှတသော လူ့ဘောင်အဖွဲ့ အစည်းသို့ ရှေ့ရှု၍ ပလောင်အမျိုးသမီးဘဝ အဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင် ရွက် နေသည့် အဖွဲ့အစည်းဖြစ် သည်။

ရည်ရွယ်ချက်
  • ပလောင်အမျိုးသမီးများ၏ လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်နှင့် နိုင်ငံရေး ဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍတိုင်းတွင် ပါဝင်လာစေရန်။
  • ပလောင်စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ရန်။
  • မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် လူအခွင့်အရေးရရှိရေး လှုပ်ရှားမှု ပါဝင်လုပ်ဆောင်ရန်။
  • အခြားသောအမျိုးသမီးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမျိုးသမီးအခွင့်အရေးနှင့် ကျား၊မ တန်းတူရ ရှိရေးအတွက် လုပ်ဆောင်သွားရန်။

လုပ်ငန်းစဉ်များ
၁) နိုင်ငံရေး စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းစဉ်
၂) အမျိုးသမီးများ အကြမ်းဖက်မှုဆန့်ကျင်ရေး လုပ်ငန်းစဉ်
၃) ကျန်းမာရေး လုပ်ငန်းစဉ်
၎) သတင်းမှတ်တမ်းနှင့် သုတေသနဌာန  
  • ဝင်ငွေလည်ပတ်စီးဆင်းမှု စီမံကိန်း 
  • စည်းရုံးလှုံ့ဆော်ရေး                                           
http://www.palaungwomen.com
“PWO believes that recognizing women rights and women participation in different level of political and social tasks is one of the processes of building a just society” 

Mission:
PWO is an organization to empower and advance the social status of Palaung women towards equality, peace and just society.

Objectives:
To develop the status of Palaung women.
To maintain the literacy and culture of Palaung people.
To participate in the democracy, peace and human rights movement for Burma.
To advance and promote gender equality and women’s rights by co-operating with other women’s organizations.

Organizational Profile:
The Palaung Women’s Organization (PWO) was established in 2000 in response to the dearth of women actively participating within other Palaung organizations. Cultural factors determined that men had greater access to training, better English language and computer skills, greater self-confidence and more leadership opportunities.

PWO was formed with the intention of educating and empowering women so that they could develop and strengthen their own self-determination and achieve equality of participation.

PWO provides gender and human rights training to Palaung women and their communities; increases international and community knowledge of the Palaung people, their history and cultures; and raises awareness of the human rights abuses suffered by the Palaung people.


No comments: