Welcome To Ta'ang Mountain

Ta'ang people is a minority ethnic group and living in the mountain hills with green tea and farming in Northern Shan State of Burma. We, Ta'ang people have our own culture, literature, language, territory and economic!!

Wednesday, November 23, 2011

ဒေါ်အောင်ဆန်းစုကြည်အတွက် မေးခွန်း (၅၅) ခု



၁။ တစ်နှစ်အတွင်း ဘာမှ သိသိသာသာ တိုးတက် ပြောင်းလဲအောင်မလုပ်နိုင်တာ ဘာကြောင့်လဲ??


၂။ လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်ကရော လုပ်ပြနိုင်ခဲ့တာ ဘာရှိလဲ??

၃။ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မအောင်မြင်၊ အခြေခံဥပဒေ ဆန့်ကျင်ရေး မအောင်မြင်၊ ဒုတိယ ပင်လုံညီလာခံ မအောင်မြင်.. စတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးလုပ်သမျှ မအောင်မြင်ဖြစ်နေတာ ဘာကြောင့်ပါလဲ??

အကြီးအကျယ်လုပ်ခဲ့ပေမယ့် ဘာမှမအောင်မြင်ခဲ့တဲ့ No လှုပ်ရှားမှု

၎။ ဘာမှဖြစ်ဖြစ်မြောက်မြောက် အောင်အောင်မြင်မြင်မလုပ်နိုင်ပဲ ခေါင်းစဉ်အမျိုးမျိုးနဲ့ဆုတွေကိုရော ဘာကြောင့် လက်ခံနေတာလဲ??

၅။ ဒေါ်စုကြည်ရဲ့ "မဲထည့်စရာ NLD ပါတီမရှိရင် မထည့်နဲ့ပေါ့" ဆိုတဲ့စကားကြောင့် မဲမထည့်လိုက်တဲ့သူတွေအတွက် (၁) နှစ်အတွင်း ဘာတွေ ပြန်လုပ်ပေးခဲ့လဲ??

၆။ အခြေခံဥပဒေကို ကြက်ခြေခတ်ခဲ့တဲ့လူတွေအတွက် တစ်နှစ် အတွင်းမှာ ဘာတွေ လုပ်ပေးခဲ့ပြီးပါပြီလဲ??

၇။ ဒုတိယပင်လုံညီလာခံဆိုလို့ လိုက်ပြီး ညီလာခံလိုက်ကြရသူတွေအတွက် တစ်နှစ် ကြာချိန်ထိ ညီလာခံဘယ်အဆင့်ထိ ပြီးအောင် ဘာတွေလုပ်ပေးခဲ့ပြီးပါပြီလဲ??

၈။ ဒေါ်အောင်ဆန်းစုကြည်က Burma ဆိုလို့ Myanmar လို့တောင်မပြောနိုင်တော့ပဲ Burma လို့ အော်နေကြသူတွေအတွက် ဘာတွေရပ်တည်ပေးခဲ့ပါသလဲ??

၉။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်ကို မှန်အောင်တောင် မပေါင်းတတ်ပဲ မျက်စိစုံမှိတ် ထောက်ခံ ဆန္ဒပြသူတွေ၊ ရှစ်လေးလုံးပိုစတာကို ဇောက်ထိုးကိုင် ဆန္ဒပြသူတွေအတွက် ဘာတွေပြန်လုပ်ပေးခဲ့ပြီးပြီလဲ??

ခွပ်ဒေါင်းကို ဒီလိုကို ထောက်ခံတာ
နာမည် အသေအချာ မသိပဲနဲ့ကို ထောက်ခံတာ

၁၀။ ပြည်ပကနေ အန်တီစု လုပ်သမျှ အကုန်မှန်တယ် ဆိုပြီး မျက်စိစုံမိတ်ထောက်ခံနေကြတဲ့ ပညာမဲ့ အစွန်းရောက်တွေအတွက် ဘယ်လိုအာမခံချက်တစ်ခုရအောင် တစ်နှစ် အတွင်းမှာ ဘာတွေ လုပ်ပေးပြီးပြီလဲ??
၁၁။ အစိုးရဝန်ထမ်းပင်စင်စား သက်ကြီးတွေ အတွက် တစ်နှစ် အတွင်းမှာ အစိုးရက ပင်စင်လစာတိုးပေးခဲ့ပေမယ့် ကမ္ဘာ့အသက်အကြီးဆုံးအဘိုးကြီးများ စုဝေးရာ NLD က အဘိုးကြီးတွေအတွက် နောက်ဆံမတင်းရအောင် တစ်နှစ် အတွင်းမှာ ဘာတွေ စီမံပေးပြီးပြီလဲ??


အဘတို့ကိုလည်း တိုးပေးပါအုံး၊
ပင်စင်မတိုးချင်နေပါ အသက်လေး တိုးပေးပါအုံး သိပ်မကျန်တော့လို့

၁၂။ NLD ပါတီက အသက် ဘယ်နှနှစ်မှ ပင်စင်ပေးတာလဲ??

၁၃။ ဝီကီလိခ်က NLD နဲ့ အဖိုးကြီးတွေ ကို ဝေဖန်ထားတာကို သူတို့ဖက်က ဘယ်လိုများရပ်တည်ပြီး ဘာတွေများ တုန့်ပြန် ပြောခဲ့ပြီးပြီလဲ??

၁၄။ NLD က ပါတီဝင်တွေကို အသက်ကန့်သတ်ထားပါသလား၊ အသက် ၈၀ ကျော်၊ ၉၀ ကျော်တွေများနေတာ ဘာကြောင့်ပါလဲ?? အသက် ၈၀ ကျော် ၉၀ ကျော်တွေက နိုင်ငံနဲ့လူမျိုးအတွက် ဘယ်လောက်လုပ်နိုင်မှာလဲ ??

အိုစာနေပြီဖြစ်တဲ့ ၆၇ နှစ်အရွယ် ဒေါ်စု
၁၅။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဝင်တွေ တစ်နေ့ကို ဆန်တစ်တင်းခွဲစာ ချက်ပြုတ်စားသောက်နေတာ ဘယ်က ပိုက်ဆံတွေနဲ့လဲ?? ပွင့်လင်းမြင်သာမှုရှိအောင် ဘာလို့ချမပြတာလဲ??

စားကြ စားကြ ပြည်သူတွေငတ်နေလဲ NLD မှာ ထောက်ပံ့မယ့်သူတွေရှိတယ်
၁၆။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို စားဝတ်နေရေး အစဉ်ပြေအောင် ထောက်ပံ့ပေးမယ့်အစား ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို ရောင်းစားနေရတာပါလဲ??

၁၇။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ NLD က ပါတီထဲမှာ အမြဲတမ်းသဘောထားတွေကွဲကွဲနေတာ ဘာကြောင့်ပါလဲ??

၁၈။ ပါတီရဲ့ ကြေညာချက်တွေ၊ သဘောထားတွေနဲ့ လုပ်ဆောင်မှုတွေက ရှေ့နောက်မညီတာ ပါကြောင့်လဲ??

၁၉။ ပါတီထဲမှာ မလိုအပ်ပဲ ပွဲတွေ အမြဲလုပ်နေတာ မများလွန်းဘူးလား?? သက်ကြီးပူစော်ပဲ၊ ဓာတ်ပုံပြပွဲ၊ ကာရာအိုကေပွဲ၊ သီချင်းဆိုပွဲ၊ ရုပ်ရှင်ပြပွဲ နဲ့ ကဗျာပြိုင်ပွဲ နဲ့ ဈေးရောင်းပွဲတွ ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။ NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီပွဲတွေလုပ်ဖို့ စောင့်နေတာလား??

၂၀။ ပွင့်လင်းမြင်သာမှုရှိရမယ် အမြဲတမ်းပြောပြီး နိုင်ငံတော်သမ္မတနဲ့ တွေ့ပြီး ဆွေးနွေးခဲ့တဲ့အကြောင်း၊ ဦးအောင်ကြည်နဲ့ဆွေးနွေးခဲ့တဲ့အကြောင်းတွေ ကို ဘယ်သူမေးမေးမပြောတာ ဘာကြောင့်လဲ??

၂၁။ ဈေးရာင်းဆိုလို့ ရောင်းခဲ့ရသူတွေ၊ ခွေးကျောင်းဆိုလို့ ကျောင်းခဲ့ရသူတွေနဲ့ ကင်မ်အဲရစ်ကို ဝိုင်းကြီးပက်ပက်လုပ်ပြီး လက်ဆန့်ကာကွယ်ခဲ့ရသူတွေအတွက် အနာဂါတ် ခိုင်မာအောင် ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ??

ဈေးရောင်းရင်းဖြင့် ဒီမိုကရေစီနိုင်ငံကြီး ထူထောင်ကြပါစို့


NLD ပါတီဝင်တို့၏ ခွေးကျောင်းခြင်းပညာဖြင့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ကြပါစို့

၂၂။ ဒေါ်အောင်ဆန်းစုကြည် တစ်နေရာရာသွားရင် ဘာလို့လူတွေကို ဝိုင်းကြီးပတ်ပတ်လုပ်ခိုင်းတာလဲ?? ဒေါ်အောင်ဆန်းစုကြည်က မခိုင်းပဲလုပ်တာဆိုရင် ဘာကြောင့်မတားပဲ ကျေနပ်နေရတာပါလဲ??

လက်တွဲညီညီ ကမ်င်အဲရစ်စီ
(အဲ..မှားလို့) ဒီမိုကရေစီ
 
၂၃။ ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ်ရေးပြေလည်ပါတယ် ဆိုတဲ့ ဒေါ်စုကြည်အနေနဲ့ ပြည်ပမှာ ကျောင်းတက် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် တစ်နှစ် အတွင်းမှာ ဘာတွေ အခွင့်အရေးပိုရအောင် လုပ်ပေးပြီးပြီလဲ??

၂၄။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံစဉ်က လွတ်မြောက်ဖို့ ပိုက်ဆံပျက်တိုင်း ဆန္ဒပြခဲ့ရသူတွေအတွက် လွတ်ပြီး တစ်နှစ် အတွင်းမှာ ဘာတွေပြန်လုပ်ပေးပြီးပြီလဲ?? ဒေါ်အောင်ဆန်းစုကြည် ပါတဲ့အိကျီကိုဝတ်ပြီး တီဗွီကို ကုန်းနန်းခဲ့ရသူတွေအတွက် ဘာမျှော်လင့်ချက်တွေ ပေးနိုင်ခဲ့ပြီးပြီလဲ??

လွတ်ရင်တော့ ထူးမှာသေချာတယ် အခွင့်အရေးပိုရအောင် အိုဗာတင်းလိုက်အုံးမှ

၂၅။ ဒေါ်အောင်ဆန်းစုကြည်ပုံကို ဘုရားဘေးမှာထားပြီး ထိခြင်းငါးပါးနဲ့ ဦးချခဲ့ကြရတဲ့ ဘုန်းကြီးတွေအတွက် တစ်နှစ်အတွင်းမှာ ဘာများ လုပ်ပေးခဲ့ပြီးပြီးလဲ??


၂၆။ သီရိလင်္ကာက ဘုန်းကြီးတွေက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ထိုင်ရှိခိုးတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာလို့ မတားတာလဲ??
၂၇။ ဘုန်းကြီးတွေက ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို သဃာန်းမှာချိတ်ပြီး ဆန္ဒပြတာကို ဒေါ်အောင်ဆန်းစုကြည် ဘာလို့ မတားတာလဲ??
သင်္ဃာန်းထက်က မာတုကာမ

၂၈။ နိုင်ငံတော်အလံကို ချနင်းကြသူတွေကို ဒေါ်အောင်ဆန်းစုကြည် က မတားတာ ဘာကြောင့်လဲ??

၂၉။ NLD LA မလေးရှားရဲ့ ကဒ်အတုလုပ်တာတွေ၊ အချင်းချင်းဂုတ်သွေးစုတ်တာတွေ၊ ဖျက်သိမ်းဖို့ တောင်းဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာတွေများ ပြေလည်အောင် ဖြေရှင်းပေးခဲ့လို့လဲ??

NLD ကို မလေးရှားရဲက ဝင်ရောက်စီးနင်း

၃၀။ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံခိုင်းလို့ အခြေခံဥပဒေကို ဆန့်ကျင်ခဲ့ကြသူတွေက အခု ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေအရ မှတ်ပုံပြန်တင်မယ်ဆိုတော့ ဆန့်ကျင်ခဲ့သူတွေက ဘာဆက်လုပ်ရမှာလဲ??

၃၁။ အရင်တုန်းက "မတရားတဲ့အမိန့်မှန်သမျှကို ဝတ္တရားအရ ဆန့်ကျင်ရမယ်" လို့ပြောခဲ့ပြီး အခု "အသုံးချရင်လည်း ခံမယ်" လို့ ဆန့်ကျင်ဘက်ကို ပြောင်းလဲသွားတာ ဘာကြောင့်ပါလဲ??

၃၂။ တိုင်းပြည်ကောင်းဖို့အတွက် ဘာမဆိုလုပ်မယ်လို့ ပါးစပ်ကပြောပြီး အမျိုးသားအကျိုးစီးပွား တိုးတက်သင့်သလောက်မတိုးတက်အောက် လုပ်ထားတဲ့ စီးပွားပိတ်ဆို့မှုကို ဘာကြောင့် မကန့်ကွက်တာလဲ??

၃၃။ ဘောလုံးပွဲကိုတော့ ၂ နာရီကြာအောင်ထိုင်ကြည့်နိုင်ပြီး အမျိုးသားအကျိုးစီးပွားအတွက် လုပ်တဲ့ အစည်းဝေး ကိုတော့ ဘာကြောင့် အပြီးထိမတက်ပဲ ပြန်လာရတာလဲ??

၃၄။ ဘယ်သူနဲ့မဆို တွေ့ဖို့အသင့်ရှိတယ်ပြောခဲ့ပြီး ငါးမင်းဆွေ တွေ့ခွင့်တောင်းတာကို ဘာကြောင့် ထွက်မတွေ့ခဲ့တာလဲ??

တွေ့ချင်ပါတယ် အကြိမ်ကြိမ်ပြောခဲ့ပေမယ့် ခုချိန်ထိ တွေ့ခွင့်မရသည့် ပြည်သူတစ်ဦး

၃၅။ နိုင်ငံရေးသည် လူတိုင်းနှင့်ဆိုင်သည် ဟု ပြောသော ဒေါ်အောင်ဆန်းစုကြည်က အသက် ၄၂ နှစ်ကျော်မှာ နိုင်ငံရေး စလုပ်တာ ဘာကြောင့်လဲ???

မိသားစုနဲ ပျော်ပါး၊စားသောက်နေသည့် ၄၃ နှစ် မတိုင်ခင်ကာလများ

၃၆။ နိုင်ငံခြားမှာ အနှစ် ၃၀ ကျော်နေခဲ့တုန်းက မြန်မာနိုင်ငံနဲ့ လူထုအတွက် ဘာတွေလုပ်ခဲ့ပါလဲ။

မြန်မာလူထုအတွက်တော့ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး မိုက်ကယ်အဲရစ်အတွက်တော့ မြန်မာစကားမတတ်တဲ့ကလေးနှစ်ယောက် မွေးပေးခဲ့တယ်

၃၇။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာအမျိုးသားကို မယူပဲ ဘာကြောင့် ဗြိတိန်နိုင်ငံသားကို လက်ထပ်ယူရတာလဲ??

မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် ငယ်ငယ်လေးနဲ့ လင် ယူ သွားတာ

၃၈။ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြန်မာမျိုးဆက် ပျောက်ကွယ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုစဉ်းစားထားပါလဲ??

အမျိုးသားဖခင်ကြီးရဲ့ မျိုးဆက်တွေ

မြန်မာ့ အမျိုးသား ဖခင်ကြီးရဲ့ သမီးနဲ့ မြေး

၃၉။ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့မြေး တွေက ဘာကြောင့် မြန်မာစကား တစ်ခွန်းမှ မပြောတတ်တာလဲ?? ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် သင်မပေးတာလဲ??

မြန်မာစကား တစ်လုံးမှမတတ်၊ ပုဆိုးမဝတ်တတ်တဲ့ အမျိုးသားဖခင်ကြီးရဲ့မြေးတော် ၃၄ နှစ်အရွယ် ကင်မ်အဲရစ်
သားတွေကို မြန်မာလိုမသင်တာမဟုတ်ဘူး၊ ကိုယ်တိုင်ကိုက မြန်မာစကားလည်းမပြောဘူး၊ မြန်မာနိုင်ငံလည်း ပြန်ဖို့ အစီစဉ်မရှိဘူး

၄၀။ ဒေါ်အောင်ဆန်းစုကြည်ကို အတုယူပြီး အမျိုးဂုဏ်မစောင့်ပဲ နိုင်ငံခြားသားကို ဒီနေ့လူငယ်တွေ လက်ထပ်ယူနေခြင်းပြဿနာကို ဘယ်လိုဖြေရှင်းပေးမှာလဲ??


၄၁။ အမေဆု အမေဆု လို့ခေါ်နေတဲ့ ပြည်ပက မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကို နားမထောင်ပဲ မြန်မာတွေအချင်းချင်း ကလိမ်ကျနေ၊ ယုတ်မာနေတာတွေကို ဒေါ်အောင်ဆန်းစုကြည် ဘာလို့မသိချင်ဟန်ဆောင်နေတာလဲ??

၄၂။ နိုင်ငံခြားရောက် မြန်မာအမျိုးသမီးတွေ အရက်၊ ဘီယာ သောက်ကြတာ၊ ကလပ်တက် ပျော်ပါးနေကြတာ၊ LIVING TOGETHER နေကြတာ နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာတစ်ခွန်းမှ ဝင်မပြောတာ ဘာကြောင့်လဲ??



၄၃။ ၈၈တုန်းက တောခိုခဲ့တဲ့ ကျောင်းသူ အင်ကြင်းနိုင်တို့ စိုင်းသိန်းဝင်းတို့နဲ့ နောက်မီးလင်းတာ၊ ငယ်နိုင်နဲ့ မိုးသွေးငယ်အပါအဝင် ဒေါ်စုရဲ့ ဦးဆောင်မှုအောက်မှာ တောခိုခဲ့တဲ့ ၈၈ ကျောင်းသားဟောင်းတွေ လိင်အရှုပ်တော်ပုံတွေဖြစ်နေတာကို ဒေါ်အောင်ဆန်းစုကြည် ဘာလို့မဆုံးမတာလဲ??

ရှစ်လေးလုံးတုန်းက တောခိုခဲ့တဲ့ အင်ကြင်းနိုင်

၄၄။ DVB ရဲ့ သိန်းသုံးထောင်ကျော်လိမ်မှု၊ ဘီဘီစီရဲ့ ရခိုင်သတင်းလိမ်မှုတွေ အတွက် လက်ပွန်းတတီးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရေငုံနှုတ်ပိတ်နေတာ ဘာကြောင့်လဲ??

၄၅။ နိုင်ငံခြားသားတွေနဲ့တွေ့ချိန်တွေမှာ ဒေါ်အောင်ဆန်းစုကြည်က ဘာကြောင့် လက်အုပ်ချီရှိခိုးရတာပါလဲ?? လက်အုပ်ချီတာ မြန်မာ့ယဉ်ကျေးမှုလား?? ဗိုလ်ချုပ်အောင်ဆန်းကရော နိုင်ငံခြားသားတွေနဲ့ တွေ့ချိန်တိုင်းမှာ လက်အုပ်ချီခဲ့လား??

နိုင်ငံခြားသားမှန်သမျှ လက်အုပ်ချီကြ
၄၆။ ပထမဆုံး အပန်ဖြေနားရက်များ ဆောင်းပါးမှာ မြန်မာ့ရှုခင်းအစား နှစ် ၃၀ ကျော် နိုင်ငံခြားမှာ လည်ပတ်ခဲ့တဲ့ ရှုခင်းတွေအကြောင်း အစပြုရေးထားတာ ဘာကြောင့်လဲ?? မြန်မာရှုခင်းတွေထက် နိုင်ငံခြားကရှုခင်းတွေကိုမှ အသားပေးထားတာ ဘာ့ကြောင့်လဲ??

အနှစ် ၃၀ ကျော် နိုင်ငံခြားမှာ အပန်းဖြေအနားယူခြင်း

၄၇။ အာရပ်တော်လှန်ရေးတုန်းက ဒေါ်အောင်ဆန်းစုကြည်က စာပို့ခဲ့ပြီး ဗြိတိန်နိုင်ငံမှာ ရဲက ပစ်သက်တဲ့ကိစ္စ၊ အမေရိကန်မှာ ဆန္ဒပြသူတွေကို ငရုတ်ကောင်းရည်နဲ့ပတ်တဲ့ကိစ္စတွေကိုတော့ ဘာကြောင့် မသိချင်ဟန်ဆောင်နေရတာလဲ??

အမေရိကန်ရဲက ဗိုက်ကြီးသည်တောင် အလွတ်မပေး

ယုံကြည်ချက်ကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို ဗြိတိန်ရဲက ဒီလိုဆက်ဆံခဲ့

၄၈။ နယ်စပ်ဒေသက တိုက်ပွဲတွေအတွက် ငြိမ်းချမ်းအောင် ဘာတွေလုပ်နိုင်ခဲ့လို့လဲ??

၄၉။ နူကလီးယား လက်နက်များအပါအဝင် တစ်ချက်တည်းနှင့် လူသန်းပေါင်းများစွာကို သေစေနိုင်တဲ့ လက်နက်များထုတ်လုပ်နေသော အမေရိကန်နိုင်ငံကို မြေမြုပ်မိုင်းလေးတွေ လုပ်တာ တားမြစ်ဖို့ ဒေါ်စုကြည်က ဘာကြောင့် တိုက်တွန်းခိုင်းရတာလဲ???

၅၀။ အခု KIA က ဒေါ်အောင်ဆန်းစုကြည်စကားကို နားမထောင်ခြင်းကို ဘာကြောင့် ငြိမ်နေရတာလဲ??

၅၁။ ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်နည်းက မှန်ကယ်တယ် ပြောပြီး အပြစ်မဲ့ ပြည်သူတွေ သေဆုံးစေတဲ့ ရထားဗုံးဖောက်တဲ့ KIA နဲ့ လူများတဲ့နေရာတွေမှာ ဗုံးထောင်ပြီး သွေးမုန်တိုင်း စစ်ဆင်ရေး ဆင်နွှဲမယ်လို့ ပြောနေတဲ့ စွမ်းအားမြှင့် အဖွဲ့ ကို ဘာကြောင့် မတားမြစ်၊ မရှံ့ချ တာလဲ ??

၅၂။ KIA, KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာ ကလေးစစ်သားတွေအများကြီးရှိနေတာကို ဘာကြောင့် မသိချင်ဟန်ဆောင်နေရပါလဲ??

အစိုးရစစ်တပ်ကမဟုတ်တဲ့ ကလေးစစ်သားတွေ

DKBA မှ ကလေးစစ်သားတစ်ယောက်
http://www.myanmarexpress.net/2011/11/blog-post_13.html
၅၃။ အကျယ်ချုပ်ကျခံနေရသူ တစ်ဦးဖြစ်နေလျှက် ဂျွန်ရက်တော အိမ်ထဲဝင်လာတာကို ပြန်လည်းမလွှတ်၊ သက်ဆိုင်ရာကိုလည်း အကြောင်းမကြားပဲ အိမ်ထဲမှာ ခိုးပြီး တစ်ညလုံးအတူနေခဲ့ရတာလဲ??

၅၄။ အမျိုးသားရင်ကြားစေ့ရေးလို့ ခဏခဏ အော်နေပြီး မောင်နှမချင်း အပြန်အလှန်ရုံးတင်နေတာ ဘာကြောင့်လဲ??

၅၅။ တစ်ရက်ပြီ တစ်ရက် ဘယ်မှလည်းမသွား၊ ဘာမှလည်း မလုပ်ပဲနဲ့ အချိန်တွေဘယ်လိုသုံးနေလဲ??


လင်ယူသားမွေးရင်း ကုန်ခဲ့တဲ့ ၄၃ နှစ် မတိုင်ခင် အချိန်များ

ဒေါ်အောင်ဆန်းစုကြည် ထုဆစ်ပုံသွင်းလိုက်တဲ့
မြန်မာလူထု တစ်ရပ်လုံး လေးစားရမယ့် အမျိုးသား ဖခင်ကြီးရဲ့ မြေးတော်

No comments: