Welcome To Ta'ang Mountain

Ta'ang people is a minority ethnic group and living in the mountain hills with green tea and farming in Northern Shan State of Burma. We, Ta'ang people have our own culture, literature, language, territory and economic!!

Sunday, March 25, 2012

တအာင်းတပ်ဖွဲ့လိုတယ်

တအာင်းပြည် ထူထောင်ဖို့
တအာင်းနိုင်ငံရေးမြှင့်တင်ဖို့
တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်
 
 
သိန်းစိန်တပ်တွေ တအာင်းရွာထဲ ဖျင်းတိုင်ကျယ်
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

တောင်၊မြောက် ရှမ်းတပ်တွေ
တအာင်းမြေထဲ ၀င်လာမဆဲတသဲသဲ
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

ဒူဝါတပ်တွေ တအာင်းမြေမှာစွဲ
ငါတို့ရွာမှာ မင်းတိုရွာမှာ
လူငယ်အားလုံး ဘိန်းနွံထဲ
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

တအာင်းအမေအို မျက်ဝန်းစို
သားငယ်လေးလည်း ၀ဲတွေစို
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

တပ်တွင်း(Senior) ရစ်ကြီး ဆရာဘိန်းစွဲ ပြည်သူဆဲ
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

တအာင်းတပ်တွင်း နှစ်ယောက်တစ်လက် သေနတ်အခက်
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

တအာင်းတပ်တွင်း ဆွမ်ထန်ဟင်း
နက်တိုင်ခင်း ရဲဘော်ဟင်းအတွက်
ငါတို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

ငါတို့ လက်ဖက်ဈေးနဲ့ ဆန်ဈေးမမျှ
ကျွန်းသစ်တွေလည်း နယ်စပ်ကိုနေ့စဉ်နှင့်အမျှ
ရွာထဲလူငယ်တွေလည်း တရုတ်ကျွှန်ခံကျ

တအာင်းစာပေ ယဉ်ကျေးမှုကော်မတီလည်း………..
တအာင်းအမျိုးသားပါတီ T.N.P လည်း………..
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကော်မတီလည်း………..သေချာတယ်
ငါတို့တအာင်းလက်နက်ကိုင်တပ်ဖွဲ့လိုတယ်

(
ဘုန်းကျော်) လက်ဖက်မြေ
၁၆ရက်နေ့ ၃လ ၂၀၁၂
နံနက် ၆.၀၀ နာရီ


No comments: